ကျွန်တော်မွေးဖွားခဲ့သည့်မြို့သည် ဧရာဝတီမြစ်နှင့် ယောချောင်းတို့အကြားတည်ရှိပါသည်။ ငယ်စဥ်ကတည်းက မြစ်ကိုတစ်မျိုး ချောင်းကိုတစ်ဖုံ မကြောက်မလန့် သူငယ်ချင်းများနှင့် ရေကူးသွားလေ့ရှိပါသည်။ ရေလည်းသိပ်ကူးတတ်ခြင်းမရှိဘဲနှင့် မြစ်ကိုသဘောကျ၍ ခဏခဏသွားလေ့ရှိပါသည်။ ကြာလာတော့လည်း ရေကူးကျွမ်းကျင်သားပါတယ်။ ဧရာဝတီဟာ တကယ်တော့ ကျွန်တော်တို့နိုင်ငံဖွား နိုင်ငံသား စစ်စစ်မြစ်တစ်ခုပင်ြဖစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ရေခဲဖုန်းတောင်တန်းများဆီမှ မြစ်ဖျားခံစီးဆင်းလာပြီး ကျွန်တော်တို့နိုင်ငံထဲ၌ပင် ပင်လယ်ထဲသို့ စီးဆင်းသွားသော ချစ်စရာ့မြစ်ကြီးတစ်ခုပင်ဖြစ်ပါတယ်။ ယင်းမြစ်စီးဆင်းရာတစ်လျှောက် မှီတင်းနေထိုင်သော ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံကို စားဝတ်နေရေး၊ ခရီးသွားလာရေးတို့ကို လွန်စွာအထောက်အကူပြုနေသည်မှာ ငြင်းဖွယ်ရာမရှိသော ြဖစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။
ညနေခင်းနေညိုချိန်ဆိုလျင် ြမစ်ကမ်းနားတွင်ထိုင်၍ မြစ်ပြင်ကိုဖြတ်သန်းတိုက်ခိုက်လာသော လေြေပညှင်းများ၏ အရသာကို ခံစားလိုက်ပါက ငြိမ့်ညောင်းစွာ တီးခတ်နေသော ဂီတကို ခံစားမိခြင်းပင်ြဖစ်သည်။
တသွင်သွင်စီးဆင်းနေသော ရေ၏အလျဥ်သည်လည်း တအိအိနဲ့ပင် ြဖည့်းညင်းစွာစီးဆင်းနေလေ့ရှိပါသည်။ ဧရာဝတီသည် ဒေါသမကြီး လောဘမရှိဘဲ ကျွန်တော်တို့၏ အကျိုးကိုဆောင်နေသည်မှာ လွန်စွာဂုဏ်ယူထိုက်ပေသည်။
သို့ရာတွင်လည်း ကျွန်တော်တို့၏ အတိုင်းမသိသောလောဘ၊ ဘရိတ်မရှိသောဒေါသ၊ တွေဝေမိုက်မဲခြင်းမောဟတို့ကြောင့် မိခင်ဧရာဝတီမှာ မြစ်ဝှမ်းလွင်ြပင်ကျယ်ပြန့်လာပြီး မြစ်ကြောင်းတိမ်၍လာသည်မှာ ငြင်းဖွယ်ရာမရှိသော သက်သေပြချက် တစ်ခုပင်ဖြစ်သည်။
အရွယ်မရောက်တစ်ရောက် နောက်ပိုင်းတွင်လည်း ဧရာဝတီမြစ်ကမ်းပါးပေါ်ရှိ မြန်မာနိုင်ငံ၏ ဦးဆုံးမြို့တစ်ခုဖြစ်သော မြစ်ကြီးနားမြို့တွင် ကြီးပြင်းလာရသည်။ မြစ်နှင့်အကျွမ်းတဝင်ရှိနေသည် မှာ အဆန်းမဟုတ်ပေ။ မြစ်ဦးပိုင်း၌ လှပသော မြစ်ဆုံတစ်ခုလည်းမြို့နှင့်လွန်စွာမှ မဝေးလှပေ။ နာရီပိုင်းနှင့်ရောက်နိုင်ပေသည်။
Comments