မြစ်ကြီးနားမှာ နေတာ 10 နှစ်ကြာခဲ့ပေမယ့် ဖားကန့်ကိုလုံးဝရောက်ဖူးခဲ့ခြင်းမရှိပါ။ နဂိုကတည်းက ပင်ပန်းသည့်အလုပ် ဆိုလျင်ဘော်လုံးကန်သည်မှတပါး အိမ်တောင်ပတ်ချင်သူမဟုတ်ပါ။ဧရာဝတီမြစ်အထက်ပိုင်း မလိခမြစ်အထက်တော်တော် များများထိရောက်ဖူးခဲ့ပါတယ်....မြစ်ရိုးတစ်လျှောက် ရွှေတူးဖော်ခြင်းအလုပ်ကိုလခစားအလုပ်သွားရောက်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ် ....... ဒါပေမယ့် ဒီ 2005 ခုနှစ် ရောက်တဲ့အခါကျတော့ အလုပ်ကပြောင်းသွားတော့ လှုပ်ရှားသွားရမယ့်အချိန်က သူ့အလိုလိုရောက်လာ ပါတယ်.....မှတ်မှတ်ရရ 2005 ဇွန်လဆန်းပိုင်းမှာ ရန်ကုန်မှ ပြန်လာပြီး ဖားကန့်သို့ သွားရပါတယ်.......မြန်မာနိုင်ငံမှာ နာမည် အကြီးဆုံးမြို့တစ်မြို့ဖြစ်သည့်အတွက် မြစ်ကြီးနားမှ သွားသည့် ကျွန်တော့်မှာ မျက်စိသူငယ်နားသူငယ်နဲ့ပေါ့................. မြစ်ကြီးနားအဝေးပြေးကားဂိတ်ကနေ ဟိုင်းလတ်ကားစီးပြီး ဖားကန့်မြို့၊ လုံးခင်းရွာကို ထွက်ခဲ့ပါသည်။ အလုပ်က ဖားကန့်အလွန် လုံးခင်းမှာပေါ့ ကားကမနက် 10 နာရီလောက်ကတည်းကမောင်းတာ မိုင် 100 လောက်ရှိတာကို ည 1030 မှ လုံးခင်းကိုရောက်တယ်.....လမ်းကတော့စိုင်းဆိုင်မောဝ်ဆိုတဲ့မူဆယ်-နမ့်ခမ်းလမ်းကမှ ကောင်းဦးမလားမသိဘူး.....လမ်းတစ်လျှောက်လုံး စိတ်ကို တော်တော်လေတယ်.....မနည်းသည်းခံနေရတယ် အဆင်မပြေမှု တွေ ..........လမ်းတွေက ကောင်းကောင်းခင်းမထားလို့လား ...ရာသီဥတု/ဒေသ ကိုကဆိုးလွန်းလို့လားဆိုတာ မသိတော့ပါဘူး ဆိုးလိုက်တဲ့လမ်း....ကျိုးလိုက်တဲ့တံတားဆိုသလိုပေါ့....မြန်မာပီပီ ကာရန်နဲ့ပေါ့....အဲဒါနဲ့ လုံးခင်းကို ညကြီးမှာ ရောက်သွားခဲ့ပါတယ်.....လူကလည်း ယဲ့ယဲ့ပဲကျန်တော့တယ်.....နောက်နေ့တွေ နောက်နေ့တွေမှာ ဖားကန့်နယ် တခွင်လေ့လာဆန်းစစ်ကြည့်ပါတယ်.....ကျောက်တူးတဲ့ကျင်းတွေက များပြားနေသလောက် အလုပ်သမားတွေကလည်း အင်မတန်မှ များပြားနေတာကိုလည်းတွေ့ရပါတယ်....တွေ့ရသလောက် အလုပ်သမားအများစုကတော့ ရတဲ့ငွေကို အပန်းဖြေတာကို အကြောင်းပြပြီး သုံးဖြုန်းနေကြတယ်.......သူတို့တစ်တွေမှာ ရည်မှန်းချက်မှ ရှိရဲ့လား အိမ်မှာကျန်ခဲ့တဲ့ မိဘတွေ ခင်ပွန်းမယားတွေ၊ သားသမီးတွေကိုမှ သတိရကြရဲ့လား လို့ သူတို့အစား ကျွန်တော့်မှာ ရတက်မအေးဖြစ်ရပါတယ်... ကျွန်တော်အင်မတန်ခင်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ဖားကန့်ကို ကျောက်တူးဆိုပြီးသွားလိုက်တာ 3 နှစ်လောက်နေမှ မြစ်ကြီးနားအိမ်ကို ပြန်လာတယ်...သူ့မှာ အိမ်ကိုပေးပို့ငွေကြေးတစ်စုံတစ်ရာမပြောနဲ့ အိမ်ကအမေဆင်ပေးလိုက်တဲ့အကျီ် တောင်မှ ပါမလာဘူး ကျန်တဲ့ အိပ်ယာတွေ အိတ်တွေကတော့ ပလုံပဲပေါ့.....အဲသလိုမျိုး သိပ်ပျော်ကြတာ.......................... တစ်နေကုန် ကျောက်တူး ရွှေကျင်းထဲမှာ ကျောပူခံခြေတောက်အပူခံပြီး ပင်ပင်ပန်းပန်းလုပ်ကြရတယ်......... ပညာအရည် အချင်း အဲ ဆင်ခြင်တွေးတောနိုင်တဲ့ ပညာကိုပြောတာပါ... နည်းပါးနေကြပြီး မုဆိုးနားနီးမုဆိုး တံငါနားနီးတံငါဆိုသလိုပေါ့ ပျက်ဆီးသွားကြတော့တာပဲ.... အင်မတန်မှ နှမြောဖို့ကောင်းလိုက်တာ........သက်ဆိုင်ရာ နေရာအသီးသီးက အိမ်တွေမှာ လိုအပ်ချက်တွေကြောင့် မျှော်နေကြရမဲ့ မိဘတွေ၊ ဇနီးမယားတွေ၊ သားသမီးတွေ မျက်နှာတွေကို ကျွန်တော်မြင်ယောင်နေ မိတယ်... ဖားကန့်ဆိုတဲ့နေရာဟာ လူတစ်ယောက်ကို ဘ၀အများကြီးပြောင်းလဲသွားတာကို မျကမြင်တွေ့နေရတာ အင်မတန်မှ ၀မ်းသာစရာ၊ ရင်လေးစရာနေရာတစ်ခုဖြစ်နေတယ်.....အတက်မြန်သလို အကျကလည်း ဒုံးကနဲပေါ့ ဒီလိုနဲ့ ကွဲပြဲရင်းနဲ့အိမ်ကို ပြန်ကြရတယ်...ဒါတောင်မှ တစ်ချို့က ငါ့လက်ထဲမှာ ငွေမပါဘဲနဲ့အိမ်ကို လုံးဝမပြန်ဘူးဆိုတဲ့လူတွေလည်း မှော်ကြာကြီးတွေဖြစ်နေတာလည်း မနည်းတော့ဘူးပေါ့....ဥရုချောင်းရေခပ်နောက်နောက်မှာ ယောကျားင်္မိန်းမမရွေး ပျော်မြူး နေကြတာကိုလည်း အသိထဲမှာ မြင်တွေ့နေရတယ်..... ဖားကန့်နဲ့ပတ်သက်တဲ့ ပုံလေးတွေလည်း ဒီထဲမှာ ထည့်ပေးထားပါ တယ်....ကျောက်တူးတဲ့ တွင်းတွေ၊ ခပ်ပါးပါးမြင်ရတဲ့ ဥရုချောင်းတွေ၊ ဖားကန့်မြို့ရဲ့ ပုံတွေစသဖြင့် တွေ့ရပါလိမ့်မယ်......
Comments