ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ရုံးပြင်ကနားသွားရမှာ ကြောက်ကြတဲ့အတွက် အသွားအလာနည်း ကြပါ တယ်။ ဒါကြောင့် တကယ်တမ်း မသွားမဖြစ် ရုံးပြင်ကနားသွားရပြီဆိုရင် ယောင်လည်လည်နဲ့ ဒုက္ခတော်တော် ရောက်ကြရပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းများရဲ့  ခေါက်ရိုးကျိုးနေတဲ့ ပြည်သူ့ဝန်ဆောင်မှု ဟာလည်း ညံ့ဖျင်းလှတဲ့အတွက် ပြည်သူလူထုအနေနဲ့ မိမိတို့ ကိစ္စရပ်များ အဆင်တပြေဖြစ်စေရေးအတွက် မိမိကိုယ်စားဆောင်ရွက်ပေးရန် ပွဲစားခေါ် ကိုယ်စားလှယ်များဖြင့် ဆောင်ရွက်ကြရပါတယ်။
ဒီလို ကိုယ်စားလှယ် ခေါ် ပွဲစားတွေနဲ့ ဆောင်ရွက်ကြတဲ့အခါ တကယ်တမ်း မိမိကုန်ကျရမည့် ငွေဟာ နည်းပါးပေမယ့် ပွဲစားများရဲ့ ပိုမိုငွေကြေးတောင်းခံမှုများကြောင့် ပြည်သူအများစုဟာ ဌာနဆိုင်ရာနဲ့ ပတ်သက်ရင် ငွေကုန်ကြေးကျများပြားလျက်ရှိနေပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး မှာ မြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ လိုအပ် ချက်များ နဲ့ ပြုလုပ်ရန် သွားရောက်ရမည့် နေရာများကို အလွယ်တကူ နိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန် ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးဟာဆိုရင် ဗဟန်းမြို့နယ်၊ ပြည်ထဲရေးဝန်ကြီးဌာနရုံးဟောင်း၊ ဆရာစံလမ်းနဲ့ စက်မှု(၁)လမ်းဆုံမှာ တည်ရှိပါတယ်။
 |
| နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး |
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးဖွင့်ရက်တွေကတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိကို မနက် ၀၈၃၀ နာရီမှ ၁၅၀၀ အချိန်ထိဖြစ်ပြီး စနေနေ့ကိုတော့ ၀၈၃၀ အချိန်မှ ၁၁၀၀ အချိန်ထိ နေ့တစ်ပိုင်းဖွင့်လှစ်ပေးထားပြီး စနေနေ့မှာတော့ ဘဏ်ဖွင့်ခြင်းတော့ မရှိပါဘူး။ နိုင်ငံကူးလက်မှတ်လျှောက် ထားရာတွင် နေ့ချင်းပြီး လျှောက်ထားနိုင်ပြီး စလစ်ရပြီး ၁၀ ရက်မြောက်သောနေ့တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးမည်ဖြစ်သည်။ နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အဓိကလိုအပ်သော စာရွက် စာတမ်းများမှာ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်၊ အိမ်ထောင်စုဇယားမူရင်းတို့သာ လိုအပ်ပြီး သက်တမ်းတိုးလျှောက်ထားလိုပါက နိုင်ငံကူးလက်မှတ်အဟောင်းကိုပါလိုအပ်ပါတယ်။
 |
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအ၀င် မ (ဘယ်)၊ ကျား (ညာ) |
အဲဒီအပေါက်က ၀င်လာပြီးရင် နောက် လုံခြုံရေးစစ်ဆေးတဲ့နေရာကို ရောက်ပါမယ်။ လုံခြုံရေးစစ်ဆေး တာဟာ မိမိတို့ အားလုံးလုံခြုံရေးကို စစ်ဆေးပေးတာဖြစ်တဲ့အတွက် ကြည်ဖြူလေးစားစွာ စစ်ဆေးခံဖို့ လိုပါတယ်။
 |
| လုံခြုံရေးစစ်ဆေးသည့်နေရာ |
လုံခြုံရေးစစ်ဆေးခံပြီးရင် တည့်တည့်လမ်းလျှောက်သွားရင် လုံခြုံရေးလည်ဆွဲကဒ်ပြားကို ထုတ်ပေး တဲ့နေရာ ကိုရောက်ပါမယ်။ အဲဒီနေရာမှာ မိမိတို့ရဲ့မှတ်ပုံတင်ကဒ်ပြားကို ကွန်ပြူတာထဲမှာ မှတ်တမ်းတင် ထားပါမယ်။
 |
| လည်ဆွဲကဒ်ပြားထုတ်ပေးသည်နေရာသို့ အ၀င် |
 |
မှတ်ပုံတင်ကဒ်ပြားအား ကွန်ပြူတာတွင် မှတ်တမ်းသွင်း လည်ဆွဲကဒ်ထုတ်ပေးသည့်နေရာ |
အဆိုပါ လုံခြုံရေးလည်ဆွဲကဒ်ပြားအား မိမိတို့လည်ပင်းတွင် ဆွဲထားရန်ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ လာရောက်သူတိုင်းသည် ကန့်သတ်ထားသော နေရာများသို့ သွားရောက်ခြင်းကို ခွင့်မပြုပါ။
 |
| နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(အောက်ထပ်) |
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ အ၀င်
 |
| ရုံးအ၀င်အောက်ထပ် |
နိုင်ငံကူးလက်မှတ်ပြုလုပ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ
 |
| လုပ်ငန်းစဉ် |
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများ ကုန်ကျမည့်ငွေစာရင်း
 |
| ကုန်ကျမည့်ငွေစာရင်း |
နိုင်ငံကူးလက်မှတ်ပြုလုပ်ထုတ်ပေးရာတွင် သိသင့်သိထိုက်သော အချက်များ
 |
| တိုင်ကြားရန် |
 |
| အရေးပေါ်/အမြန်လျှောက်ထားရန် |
 |
| ပျောက်ဆုံးမနလလက်မှတ် ဆောင်ရွက်ရန် |
 |
Home Service အိမ်တိုင်ယာရောက်နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်း |
 |
| ကြံ့ကြာစေသည့်အချက်များ |
 |
မသန်စွမ်းသူနှင့် ဘိုးဘိုးဘွားဘွားများအတွက် အခမဲ့ Wheel Chair ကူညီခြင်း |
နိုင်ငံကူးလက်မှတ်လျှောက်လွှာပုံစံဝယ်ယူခြင်း
 |
| ပုံစံဝယ်၊ ဓါတ်ပုံရိုက်၊ လ၀က စစ်၊ ပုံစံဖြည့်ခန်းမ |
 |
| လျှောက်လွှာပုံစံဝယ်ရန် |
 |
| လျှောက်လွှာပုံစံဝယ်ရန် |
ဓါတ်ပုံရိုက်ရန်နှင့် ဓါတ်ပုံရွေးရန် အခန်းများ
 |
ဓါတ်ပုံရိုက်ရန် မ (ဘယ်)၊ ကျား (ညာ) |
 |
| ဓါတ်ပုံရွေးရန် |
လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံသားစိစစ်ရေးကဒ်နှင့် အိမ်ထောင်စုဇယားတို့ တိုက်ဆိုင်စစ်ဆေးရပါသည်။ လ၀ကအရာရှိများမှ တိုက်ဆိုင်စစ်ဆေးပြီးသော မိတ္တူများကိုသာ ပုံစံများတွင် တွဲပေးရန် ဖြစ်ပါတယ်။
 |
လ၀က စစ်ဆေးရန် မ (ဘယ်) ၊ ကျား (ညာ) |
လ၀က စစ်ဆေးပြီးပါက မြန်မာ့စီးပွားရေးဘဏ်(၂)တွင် ငွေကျပ် ၂၀၀၀၀ သွားရောက်ပေးသွင်းရန် ဖြစ်ပါတယ်။
 |
| မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂) |
 |
| ဘဏ်ငွေသွင်းကောင်တာ |
ဘဏ်တွင် ငွေသွင်းပြီး ချလံ လက်ခံယူပြီးနောက် မိမိတို့ ၀ယ်ယူထားသော ပုံစံများကို ဖြည့်သွင်းရန် ပုံစံရေးဖြည့်ခန်းတွင် ရေးဖြည့်ရန်ဖြစ်ပါတယ်။
 |
| ပုံစံရေးဖြည့်ရန် စားပွဲများ |
 |
| ပုံစံဖြည့်သွင်းရန် နမူနာပုံစံ |
 |
နမူနာပုံစံ
|
ပုံစံများဖြည့်စွက်ပြီးပါက ပုံစံစီခန်းသို့ သွားရောက်ကာ ပုံစံများကို စနစ်တကျစီရမည်ဖြစ်ပါတယ်။ နိုင်ငံသား စိစစ်ရေး ကဒ်နဲ့ အိမ်ထောင်စုဇယားများ၊ နိုင်ငံကူးလက်မှတ်နဲ့ စလစ်များကို မိတ္တူကူးလိုပါကလည်း အဆိုပါ ပုံစီခန်းထဲတွင် မိတ္တူကူးစက်များရှိပါတယ်။
 |
| ပုံစံစီခန်းနှင့် စလစ်ထုတ်ရန် အခန်းများသို့သွားရန် |
 |
စလစ်ထုတ်ရန် (ဘယ်) ပုံစံစီရန် (ညာ) |
 |
| ပုံစံစီခန်း၊ စိစစ်ရှာ၊ မိတ္တူခန်း |
 |
| မိတ္တူစက်များ |
 |
| ပုံစံစီခန်း |
ပုံစံများကို စနစ်တကျ စီပြီးပါက စလစ်ထုတ်ရန် ပုံစံတင်ခန်းသို့ သွားရောက်ရပါမည်။
 |
| ပုံစံတင်ခန်းအ၀င် |
 |
ပုံစံတင်ရန် သဘောင်္သား ၊ ကျား ၊ မ |
 |
ပုံစံတင်ရန် ကျား ၊ မ |
 |
ပုံစံတင်ရန် GC သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအတွက် |
အထက်ပါ နေရာများတွင် ပုံစံတင်ကာ ခေတ္တစောင့်ဆိုင်းပါ။ မိမိနာမည်ခေါ်သောအခါ လက်ဗွေနှိပ်၊ လက်မှတ်ထိုးရပါမည်။ ထိုအခါ စလစ်စာရွက်တစ်ရွက်လက်ခံရရှိပါမည်။ ထိုစလစ်စာရွက်တွင် နိုင်ငံကူး လက်မှတ် လက်ခံရရှိမည့် နေ့ကို ရေးထားပါသည်။ စလစ်ရသည့်နေ့မှ ၁၀ ရက်မြောက်နေ့တွင် နိုင်ငံကူး လက်မှတ် ထုတ်ယူရရှိမည်ဖြစ်ပြီး ၁၀ ရက်မြောက်နေ့သည့် ရုံးပိတ်ရက်ဖြစ်ပါက ကျော်သွားသော ဖွင့်ရက် တွင်သာ ထုတ်ယူရရှိမည်ဖြစ်ပါသည်။
နိုင်ငံကူးလက်မှတ်ထုတ်ယူရန် အောက်ပါနေရာတွင် ကွန်ပြူတာဖြင့် စစ်ဆေးရပါမည်။ စစ်ဆေးပြီး နိုင်ငံကူး လက်မှတ်ထွက်ပါက နိုင်ငံကူးလက်မှတ် ထုတ်ပေးခန်းသို့ သွားရပါမည်။
 |
| စလစ်အား ကွန်ပြူတာဖြင့် စစ်ဆေးရန်နေရာ |
 |
| နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအခန်း |
အကယ်၍ စလစ်အား ကွန်ပြူတာဖြင့်စစ်ဆေးရာ စိစစ်ရှာဟု စလစ်တွင်ရေးပါက အောက်ဖော်ပြပါ အခန်းသို့ သွားရောက် ရပါမည်။
 |
စိစစ်ရှာ စလစ်ကို ကွန်ပြူတာခေါက်ပြီး စာအုပ်မထွက်ပါက ပြစ်ချက်ရှာစုံစမ်းရန်
|
ရဲမှူးခန်းဟုရေးပါက အောက်ပါအခန်းသို့ သွားရောက်ရပါမည်။
 |
| ဌာနခွဲမှူး၊ ရဲမှူး၊ ရုံးအဖွဲ့အခန်းများ |
 |
| ရဲမှူးခန်း (ညာ) |
မိမိတို့ နိုင်ငံကူးလက်မှတ်ရုံးသို့ လာရောက်တိုင်း အပြန်တွင် အောက်ပါနေရာတွင် လုံခြုံရေးလည်ဆွဲ ကဒ်ပြား များကို ချိတ်ဆွဲထားခဲ့ရန်ဖြစ်ပါတယ်။
 |
| လည်ဆွဲကဒ်ပြားချိတ်ထားရန် |
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် စားသောက်ဆိုင်တစ်ခုလည်း ထားပေးပါသည်။ မိမိတို့ ကြိုက်နှစ်သက်ရာကို သုံးဆောင်နိုင်ပါသည်။
 |
| စားသောက်ဆိုင် |
မိမိတို့ မကျေနပ်သည့် အချက်များရှိပါက တိုင်ကြားရမည့် ဖုန်းနံပါတ်များကိုလည်း နံရံများတွင် ဗင်နိုင်းစဖြင့် ရိုက်နှိပ်ကပ်ထားပါသည်။ လူကိုယ်တိုင် ဌာနခွဲမှူး၊ ရဲမှူးတို့ကိုလည်း သွားရောက် တိုင်ကြားနိုင်ပါသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ပြည်သူလူထုအတွက် အထူးဝန်ဆောင်မှုပေးသောအရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) Home Service ခေါ် အိမ်တိုင်ယာရောက် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်း
(၂) Green Channel ခေါ် အရေးပေါ်/အမြန် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်း
(၃) သက်ကြီးရွယ်အို၊ မစွမ်းမသန်သော ပြည်သူများအား Wheel Chair ဖြင့် အခမဲ့ ၀န်ဆောင်မှုပေးခြင်း
ထို့အပြင် အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံကူးလက်မှတ်များ ပျောက်ဆုံး/ ပျက်ဆီးခြင်းများ ရှိပါကလည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ မြန်မာနိုင်ငံသားတို့၏ အခွင့်အရေးဆုံးရှုံးခြင်းမရှိစေရန် အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။
မရှင်းလင်းသည်များရှိပါကလည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များထံ တိုက်ရိုက်အကူအညီတောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။
Comments